Sunday, October 30, 2022

တူကီယဲသမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဆိုင်ရာ အချက်အလက်များအား ထုတ်ဖော်ပြောကြားခဲ့ခြင်း

ANI News; Oct-31(Mon)

တူကီယဲနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်စပ်လျဉ်း၍ ၎င်း၏အမြင် များကို ထုတ်ဖော်ပြောကြားထားသည့် မိန့်ခွန်းတစ်ရပ်အား တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု ANI News သတင်းဌာနက အောက်တိုဘာလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။

Saturday, October 29, 2022

ရုရှားသည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ တူကီယဲ၊ ကုလသမဂ္ဂတို့နှင့် ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်မည်ဆိုခြင်း

TASS; Oct-30(Sun)

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ရေး သဘော တူညီချက်နှင့်ပတ်သက်၍ မကြာမီအချိန်အတွင်း တူကီယဲနိုင်ငံ၊ ကုလသမဂ္ဂတို့နှင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီရူဒန်ကို (Andrey Rudenko) က အောက်တိုဘာလ ၃၀ ရက်တွင် ပြောကြား ခဲ့ပါသည်။

Wednesday, October 26, 2022

တူကီယဲနှင့် အစ္စရေးတို့သည် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေရေး လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြခြင်း

 

Al-monitor; Oct-27(Thu)

တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ် (Benny Gantz) ၏ တူကီယဲနိုင်ငံခရီးစဉ်အတွင်း ကာကွယ်ရေးဆိုင်ရာဆက်ဆံ‌ရေးကို တိုးမြှင့်တည်ဆောက်သွားရန် သဘောတူညီခဲ့ကြကြောင်း AL–monitor သတင်းဌာနက အောက်တိုဘာလ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘန်နီဂန့်ဇ် (Benny Gantz) သည် တူကီယဲနိုင်ငံခရီးစဉ်အတွင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့နှင့် တွေ့ဆုံကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြတ်တောက်ခဲ့သည့် နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးကို အပြည့်အဝပြန်လည်ထူထောင်ရန် သဘောတူညီခဲ့ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံဆက်ဆံရေး၌ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည့် အတွက် တည်ငြိမ်ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းလည်း ဂန့်ဇ်က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် စစ်ရေး-လုံခြုံရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်းလည်း ဟူလူဆီအကာက ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့ပြင် တူကီယဲနှင့် အစ္စရေးတို့အကြား အထူးသဖြင့် ကာကွယ်ရေး၊ လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းသည် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးအတွက် အရေးပါသည့် ပံ့ပိုးကူညီမှုများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း လည်း အကာက ဆက်လက်ပြောကြားခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်လာသည့် တူကီယဲသင်္ဘောတစ်စီးကို အစ္စရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစ၍ တူကီယဲနှင့် အစ္စရေးတို့အကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း တူကီယဲနှင့် ဂရိတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ တည်ငြိမ်ရေး ကိုလည်း ဂန့်ဇ်က အလေးပေးဆွေးနွေးခဲ့ပါသည်။ တူကီယဲနှင့် အစ္စရေးတို့အကြား ဆက်ဆံရေးသည် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် အကျိုးစီးပွားများပေါ်တွင် မူတည်နေကြောင်း ဂန့်ဇ်က အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကာလီနင်ဂရက်ဒေသတွင် နယ်စပ်တံတိုင်းတစ်ခုတည်ဆောက်သွားရန် ပိုလန်က စဉ်းစားသုံးသပ်လျက်ရှိခြင်း

 

CGTN;Oct-27(Thu)

             ရုရှားနိုင်ငံသည် အာဖရိကနှင့် အာရှမှ ရွှေ့ပြောင်းနေထိုင်သူများကို ဖြတ်သန်း သွားလာနိုင်ရေးအတွက် အကူအညီများပေးအပ်ရန် စီစဉ်နေသည်ဟု ပိုလန်နိုင်ငံက သံသယဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက် (Kaliningrad) ဒေသနှင့် နယ်နိမိတ်တွင် အတားအဆီးတစ်ခုတည်ဆောက်နိုင်ဖွယ်ရှိကြောင်း ပိုလန် အာဏာရ ဥပဒေနှင့် တရားမျှတရေးပါတီ (Law and Justice party) ၏ အထွေထွေ အတွင်းရေးမှူး ခရစ်တိုဖ်ဆိုဘိုလီစကီ (Krzysztof Sobolewski) က ပြောကြားခဲ့ သည်ဟု CGTN သတင်းဌာနက အောက်တိုဘာလ ၂၇ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

             ကာလီနင်ဂရက်သည် ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့အကြား ဘောလ်တစ် ပင်လယ်ကမ်းခြေ၌တည်ရှိပြီး ရုရှားနှင့် မိုင် ၁၉၀ ခန့်အကွာတွင် သီးခြားတည်ရှိသော ရုရှား၏ အနောက်ဘက်အကျဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပါသည်။ ၎င်းဒေသ၌ လူဦးရေ ၈ သိန်းခန့်နေထိုင်ပြီး ၈၆ စတုရန်းမိုင်သာကျယ်ဝန်းပါသည်။ ကာလီနင်ဂရက်၏ ယခင်အမည်မှာ ကွန်နစ္စဘတ်ဂ်ဖြစ်ပြီး ဂျာမနီပိုင်နက်ဖြစ်ကာ နာဇီဂျာမနီတို့အရေးနိမ့် ပြီးနောက် ၁၉၄၅ ခုနှစ် ပို့စ်ဒမ်စာချုပ်အရ အဆိုပါနယ်မြေကို ဆိုဗီယက်တို့ထံသို့ ပေးအပ်လိုက်ရခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ကာလီနင်ဂရက်ဒေသ၌ စစ်လက်နက် ပစ္စည်းအမြောက်အမြား တပ်ဖြန့်ချထားမှုပြုလုပ်လျက်ရှိခြင်းကြောင့် နျူကလီးယား ကင်းမဲ့ဇုန်ဖြစ်လာစေရေးအတွက် ဆွေးနွေးနေဆဲဒေသတစ်ခုဖြစ်ပါသည်။ ထို့အတူ ရုရှား နိုင်ငံသည် လက်ရှိတွင်လည်း အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများမှ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန် ကာလီနင်ဂရက်ဒေသသို့ လေကြောင်းခရီးစဉ်များဖွင့်လှစ်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရုရှားမီဒီယာက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ကာလီနင်ဂရက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပိုလန်နိုင်ငံသည် စိုးရိမ်မှု များမြင့်တက်ခဲ့ပြီး ၎င်းနယ်စပ်တွင် အတားအဆီးတစ်ခု တည်ဆောက်သွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ပိုလန်သည် အာရုံခံကိရိယာများနှင့် ကင်မရာများ တပ်ဆင်ထားသည့် နယ်စပ်ကီလိုမီတာ ၂၀၀ အရှည်ရှိ သံမဏိစည်းရိုးတစ်ခုတည်ဆောက် နိုင်ရေးအတွက် လာမည့်နိုဝင်ဘာလအကုန်တွင် ကုမ္ပဏီတစ်ခုကို ရွေးချယ်မည်ဖြစ်ကာ တည်ဆောက်မှုကို ၂၀၂၃ ခုနှစ်၏ ပထမသုံးလပတ်အတွင်း စတင်တည်ဆောက်သွား မည်ဖြစ်ပါသည်။ ပိုလန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း ဘီလာရုဇ်နိုင်ငံနှင့် ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ ပဋိပက္ခများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ပဋိပက္ခ များထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိခြင်းဖြစ်ပါသည်။  ရုရှားနှင့် ၎င်း၏မဟာမိတ် ဘီလာရုဇ်နိုင်ငံတို့သည် ဥရောပနိုင်ငံများ မတည်မငြိမ်ဖြစ်စေရေး အတွက် မျိုးစပ်စစ်ပွဲ (Hybrid Warfare) များ ဖန်တီးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ့ပြောင်းအခြေချနေထိုင်သူများကိုအသုံးချနေသည်ဟု ပိုလန်နိုင်ငံက သံသယများဖြစ်ပေါ် လာသည့်အတွက် ယခုကဲ့သို့ သံမဏိစည်းရိုးကာရံမှုများပြုလုပ်ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ လက်ရှိတွင် ပိုလန်၏ ယူကရိန်းအပေါ် စစ်ရေးထောက်ပံ့မှု များနှင့်ပတ်သက်၍ ရုရှားနှင့် တင်းမာမှုများမြင့်တက်လျက်ရှိခြင်းကြောင့် ထိုကဲ့သို့ သံမဏိစည်းရိုးကာရံရေး ပိုလန်၏ဆောင်ရွက်ချက်သည် နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ဆားဘီးယားလွှတ်တော်၌ အစိုးရသစ်တစ်ရပ်အား မဲပေးရွေးချယ်ခဲ့ခြင်း

 

Xinhua;Oct-27(Thu)

             ဆားဘီးယားလွှတ်တော်၌ အောက်တိုဘာလ ၂၆ ရက်တွင် အစိုးရသစ်တစ်ရပ်အား အတည်ပြုမဲပေးရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၂၇ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါမဲပေးရွေးချယ်ရာတွင် လက်ရှိဝန်ကြီးချုပ် အန်နာဘာနဘစ် (Ana Brnabic) ဦးဆောင်သော အစိုးရသစ်သည် လွှတ်တော်ကိုယ်စားလှယ် ၂၂၅ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၅၇ မဲနှင့် ကန့်ကွက်မဲ ၆၈ မဲဖြင့် အစိုးရသစ် တစ်ရပ်အား ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အစိုးရအဖွဲ့ဝင်အသစ်များနှင့်အတူ ဘာနဘစ်သည် တတိယအကြိမ်မြောက် ဆားဘီးယားဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်းနှင့် အစိုးရအဖွဲ့သစ်ဖွဲ့စည်းရာတွင် ဝန်ကြီးဌာန ခုအား တိုးချဲ့ဖွဲ့စည်း ထားကြောင်း ၎င်းသတင်းဌာနတွင် ဖော်ပြထားပါသည်။ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီး ဌာန ၂၅ ခုပါဝင်ပြီး အသစ်တိုးချဲ့ဖွဲ့စည်းခဲ့သော ဝန်ကြီးဌာန ခုမှာ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန (Ministry of Public Investments) သိပ္ပံ၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (Ministry of Science, Innovation and Technological Development) လူငယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (Ministry of Tourism and Youth) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Telecommunications and Information) တို့ဖြစ်ပါသည်။

             အစိုးရအဖွဲ့သစ်အနေဖြင့် ဆားဘီးယားနိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အား ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များအပါအဝင် ဥရောပသမဂ္ဂသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အန်နာဘာ နဘစ်က ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆားဘီးယားနိုင်ငံ၏ လက်ရှိအသုံးပြုလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ရပ်သာထားရှိကာ အမတ်နေရာ ၂၅၀ နေရာ ရှိပါသည်။ ဆားဘီးယားနိုင်ငံသည် ဧပြီလ ရက်တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော် အမတ်များ ရွေးကောက်တင်မြှောက်ခြင်းအား ပြုလုပ်ခဲ့ပြီးနောက် လအကြာတွင် အထက်ပါအတိုင်း အစိုးရသစ်တစ်ရပ်အား မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။