၈။ ဆီးရီးယားနိုင်ငံ အာဖရင် (Afrin) ဒေသ၌ တူရကီစစ်ဘက်၏
ထိုးစစ်ဆင်မှု အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်
ဆန္ဒပြကျောင်းသား ၂၇ ဦးအား ထိန်းသိမ်းမှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာမှ
ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ အဆိုပါဆန္ဒပြကျောင်းသား
၂၇ ဦးအား အစ္စတန်ဘူလ်ရှိ အမှတ်(၃၂)ပြစ်မှုဆိုင်ရာ တရားရုံးမှ အကြမ်းဖက်အားပေးသည့်စွဲချက်ဖြင့် ဇန်နဝါရီလ ၃၁ ရက်၌ ထောင်ဒဏ် ၁၀ လ ချမှတ်ရန် အမိန့်ချမှတ်ခဲ့ပါသည်။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip
Erdogan) မှလည်း ၎င်းဆန္ဒပြကျောင်းသားများအား အကြမ်းဖက်သမားများ အဖြစ်ပြောဆိုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်
ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment