၁၁။ အက်စ်တိုးနီးယားလွှတ်တော်သည် မကြာသေးမီက ပထမဆုံးအကြိမ်အဖြစ်
လက်နက်ထိန်းချုပ်ရေးဥပဒေသစ်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြထားပါသည်။ အက်စ်တိုးနီးယားနိုင်ငံသားများအား
လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိမှုနှင့် ကိုင်ဆောင်မှုများကို ထိန်းချုပ်ဟန့်တားနိုင်ရန်အတွက်
၎င်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဆင်ဟွာသတင်းဌာနက ဆက်လက်ဖော်ပြထားပါ
သည်။ ထို့ပြင် ၎င်းဥပဒေသစ်သည် အက်စ်တိုးနီးယားနိုင်ငံတစ်ဝန်း လက်နက်မှောင်ခိုမှု များ တိုက်ဖျက်နိုင်ရေးကြိုးပမ်းမှုများကို အောင်မြင်အောင်ကူညီပေးသွားနိုင်မည်ဖြစ်ပြီး
ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးကို ကာကွယ်ရာ ၌လည်း
များစွာအထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ထပ်မံဖော်ပြခဲ့ ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment