၉။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီသမ္မတ
ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဆီးရီးယားနှင့် လစ်ဗျား နိုင်ငံတို့တွင်
ဖြစ်ပွားလျက်ရှိသောအခြေအနေများနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၂၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့်
ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ အဆိုပါခေါင်းဆောင်နှစ်ဦး သည် လစ်ဗျားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို
ထိန်းသိမ်းသွား ရန်နှင့် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုအား
ဖယ်ရှားရှင်းလင်းသွားရန် လိုအပ် လျက်ရှိမှုတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ဆီးရီးယား နိုင်ငံ၊ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်း
အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေခြင်းကို တားဆီးသွားရန်အတွက်လည်း
သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment