![]()
Tass; Jan-15 (Wed)
ရုရှားမြောက်ပိုင်းစစ်ရေယာဉ်စု၏
ဒုံးပျံတင်ခရူဇာစစ်ရေယာဉ် Marshal Ustinov သည် ဆိုက်ပရပ်စ်နိုင်ငံ၊ Limassol ဆိပ်ကမ်းမြို့သို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့
ကြောင်း အဆိုပါစစ်ရေယာဉ်စု၏ ပြန်ကြားရေးဌာနက ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ စစ်ရေယာဉ်၏ခရီးစဉ်သည် ၃ ရက်တာ ကြာမြင့် မည်ဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်တွင် ဆိုက်ပရပ်စ်နိုင်ငံမှထွက်ခွာ၍
Vice-Admiral Kulakov အမည်ရှိ ရေငုပ်သင်္ဘောဖျက်စစ်ရေယာဉ်နှင့် ထောက်ပံ့ရေးရေယာဉ်တို့နှင့်
အတူ သွားရောက်ပူးပေါင်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဌာနက
ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ရုရှားရေတပ်၏ စွမ်းဆောင်ရည်အား
သရုပ်ပြရန်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ပါသည်။ အဆိုပါခရူဇာစစ်ရေယာဉ်သည် ၂၀၁၉ ခုနှစ်၊
အောက်တိုဘာလတွင် Limassol ဆိပ်ကမ်းမြို့သို့ နောက်ဆုံးအကြိမ် ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ပါသည်။
ဒုံးပျံတင်ခရူဇာစစ်ရေယာဉ်
Marshal Ustinov သည် ရုရှားနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့၌ ပြုလုပ်သည့် ရေတပ်အခမ်းအနားတွင်
ပါဝင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်က မြောက်ပိုင်းစစ်ရေယာဉ်စု၏
Severomorsk ရေတပ်အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပါသည်။ ရေတပ်အခမ်းအနားပြီးဆုံးပြီးနောက်
ထောက်ပံ့ရေး ရေယာဉ်နှင့် ရေယာဉ်အမှုထမ်းများသည်
ရုရှားရေတပ်၏ Ocean Shield-2019 အမည်ရှိ အကြီးစားစစ်ရေးလေ့ကျင့်ခန်းတွင်လည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ ထို့ပြင်
အဆိုပါ စစ်ရေယာဉ်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်အတွင်း ပင်လယ်နက်
တွင်ပြုလုပ်ခဲ့သည့် ရုရှားမြောက်ပိုင်းစစ်ရေယာဉ်စုနှင့် ပင်လယ်နက်စစ်ရေယာဉ်စုတို့၏
ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ပြီး အဆိုပါရေတပ်စစ်ရေးလေ့ကျင့်ခန်း
အား ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment