Xinhua; Jan-7(Tue)
တူရကီနိုင်ငံသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင်
ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌
ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးအား
ဆောင်ရွက်ခဲ့ပြီးနောက်
ပြင်သစ်နိုင်ငံက နိုင်ငံရေး ဆိုင်ရာအကြောင်းပြချက်များဖြင့် တူရကီနှင့်လုပ်ဆောင်လျက်ရှိသည့် SAMP/T အမျိုး အစားဒုံးခွင်းဒုံးစနစ်ပူးတွဲထုတ်လုပ်မှုအစီအစဉ်များအား ရပ်ဆိုင်းခဲ့ကြောင်း တူရကီ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဌာန၏
ဥက္ကဋ္ဌ အစ္စမေးလ်ဒီမား (Ismail Demir) က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် အဆိုပါဒုံးခွင်းဒုံးစနစ်
ထုတ်လုပ်မှုနှင့်ပတ်သက်၍
ပြတ်သားသည့် အဆင့်သတ်မှတ်ချက်ချမှတ်ရမည့်
အဆင့် သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပြင်သစ်နိုင်ငံအနေဖြင့် နောက်တစ်ဆင့်သို့ ဆက်လက်
သွားရောက်လိုခြင်းမရှိကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါ သည်။ ပြင်သစ်နိုင်ငံအနေဖြင့် အဆိုပါသဘောထားအား ဆက်လက်ကိုင်ဆွဲထားမည်ဆို ပါက အီတလီနိုင်ငံနှင့်သာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
၎င်းက ထပ်မံ ပြောကြားခဲ့ပါသည်။ ပြင်သစ်အမျိုးသားလွှတ်တော်နှင့် အောက်လွှတ်တော်တို့သည်
တူရကီနိုင်ငံ၏ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးအား ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်
တစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် အတည်ပြုခဲ့ကြပါသည်။
ပြင်သစ်နိုင်ငံသည် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများနှင့်ပတ်သက်၍ အထွေထွေကြေညာချက်
ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း စီမံကိန်းအချို့၌ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း
၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အဆင့်မြှင့်တင်ထားသည့် SAMP/T ဒုံးခွင်းဒုံးစနစ်များ ပူးတွဲထုတ်လုပ်ရေး သဘော တူညီချက်တစ်ရပ်အား ပြင်သစ်၊
အီတလီနိုင်ငံတို့နှင့် ၂၀၁၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး စီမံကိန်းအတွက်
လိုအပ်ချက်များနှင့် ဦးစားပေးလုပ်ငန်းများအား ဆုံးဖြတ်ရန် ၁၈ လကြာလေ့လာမှုများပြုလုပ်ခဲ့ပါသည်။
တူရကီနိုင်ငံသည် ရုရှားနိုင်ငံ ထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူမည့်အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်၏ ဖိအားပေးမှုများနှင့်
ရင်ဆိုင်ကြုံတွေ့ရစဉ်အတွင်း အဆိုပါ သဘောတူညီချက်အား
လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment