Xinhua; Jan-9 (Thu)
အီဂျစ်၊
ပြင်သစ်၊ ဂရိနှင့် ဆိုက်ပရက်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည်
တူရကီနိုင်ငံနှင့် ကုလသမဂ္ဂကျောထောက်နောက်ခံပြုအစိုးရ (Government of National Accord-GNA) အဖွဲ့တို့အကြား
လက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ရေကြောင်း နှင့်
လုံခြုံရေးဆိုင်ရာသဘောတူညီချက်များသည် တရားမဝင်လက်မှတ်ရေးထိုးမှု ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီလ ၈ ရက် ထုတ်ပြန်ချက်တွင်
ဖော်ပြခဲ့ပါသည်။ အဆိုပါ ၄ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည်
ဇန်နဝါရီလ ၈ ရက်တွင် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cairo) မြို့၌
တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံနှင့် GNA အဖွဲ့တို့အကြား ၂၀၁၉ ခုနှစ်၊
နိုဝင်ဘာလတွင် လက်မှတ်ရေးထိုး ခဲ့သည့် သဘောတူညီချက်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် များ၊
နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်လျက်ရှိသည့်အတွက် ၎င်းတို့အနေဖြင့် အထက်ပါအတိုင်းထုတ်ပြန်ရန်
သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် တူရကီနိုင်ငံနှင့် GNA အဖွဲ့တို့အကြား
လက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီချက်များသည် ဒေသတွင်းတည်ငြိမ်မှုကို
လျော့ပါးစေကြောင်း ၎င်းတို့က အဆိုပါ
ထုတ်ပြန်ချက်တွင် အခိုင်အမာပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံသို့ တူရကီတပ်ဖွဲ့များ စေလွှတ်ရန် တူရကီအစိုးရ၏
အဆိုတင်သွင်းမှုကို တူရကီလွှတ်တော်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက်တွင်
အတည်ပြုခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၏ ပဋိပက္ခများအား ဖြေရှင်းရန်နှင့်
နိုင်ငံအတွင်းတည်ငြိမ်မှုများအား ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ပြီးပြည့်စုံသည့်
နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
လစ်ဗျားနိုင်ငံသည် ခေါင်းဆောင်ဟောင်း မွမ်မာဂဒါဖီ (Muammar Gaddafi)
ရာထူးမှဖြုတ်ချခံရသည့်အချိန်မှစ၍ ပြည်တွင်း စစ်စတင်ဖြစ်ပွားခဲ့ပြီး
ပြိုင်ဘက်အစိုးရ ၂ ဖွဲ့အကြား ၂၀၁၄ ခုနှစ်မှစတင်၍ စစ်ရေး
အရှိန်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment