၅။ အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး
အာဘတ်စ်အာရက်ချီ (Abbas Araghchi) သည် အီရန်နျူကလီးယားသဘောတူညီချက်ဆိုင်ရာပူးတွဲကော်မရှင်
(JCPOA Joint Commission) ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် သြစတြီးယားနိုင်ငံ၊
ဗီယင်နာ (Vienna)မြို့သို့ ရောက်ရှိလျက်ရှိကြောင်း
ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်း အရင်းအမြစ်တစ်ခုကဖော်ပြခဲ့ပါသည်။
၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက် ဆိုင်ရာပူးတွဲကော်မရှင်အစည်းအဝေးအား ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့်
တရုတ် နိုင်ငံတို့မှ ဒုတိယဝန်ကြီးများနှင့်
ညွှန်ကြားရေးမှူးချုပ်အဆင့်ပုဂ္ဂိုလ်များ တက်ရောက် သွားမည်ဖြစ်ပါသည်။ အီရန်နျူကလီးယားသဘောတူညီချက်ဆိုင်ရာ
ပူးတွဲကော်မရှင် အစည်းအဝေးအား ၃ လလျှင်တစ်ကြိမ် ကျင်းပလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment