En.zamanalwsl.net;Feb-9(Sun)
ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များအနေဖြင့်
အိုင်ဒဲလစ် (Idlib) စီရင်စုရှိ ၎င်းတို့ အသစ်သိမ်းပိုက်ထားသောနယ်မြေမှ ဆုတ်ခွာပေးရန်
ငြင်းဆန်လာခဲ့ပါက ပြုလုပ်သွား မည့် စစ်ဆင်ရေးတွင် ပါဝင်ရန်အတွက် တူရကီကျောထောက်နောက်ခံပြုထားသည့်
ဆီးရီးယားအမျိုးသားတပ်ဖွဲ့ (Syrian National
Army-SNA) မှ အဖွဲ့ဝင် ၁၀,၀၀၀ သည် တူရကီတပ်ဖွဲ့များနှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း
စစ်ဘက်သတင်းအရင်းအမြစ် တစ်ခုက ဖေဖော်ဝါရီလ ၉ ရက်တွင်
ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ်စီရင်စုရှိ ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များအနေဖြင့်
ယခုလကုန်တွင် ဆုတ်ခွာပေးခြင်းမရှိပါက ၎င်းတို့အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ
ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီလ ၅ ရက်၌ ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။
ထို့ပြင် တူရကီစစ်ဘက်၏ တင့်ကားများနှင့် လက်နက်များတင်ဆောင်လာသည့်
ယာဉ် ၁,၂၄၀ စီး ခန့်သည် လွန်ခဲ့သောသီတင်းပတ်အတွင်းက
ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်သွား ခဲ့ပြီး အထူးတပ်ဖွဲ့ဝင် ၅၀၀ ပါဝင်သည့်
တူရကီတပ်ဖွဲ့ဝင် ၅,၀၀၀ ဦးကိုလည်း ဖြန့်ကြက်ခဲ့ပါသည်။
အိုင်ဒဲလစ်စီရင်စုရှိ
စစ်မဲ့ဇုန်အတွင်းတည်ဆောက်ထားသော တူရကီ၏ စောင့်ကြည့်ရေးစခန်း ၁၂ ခုအနက် ၂ ခုအား ဆီးရီးယားတပ်ဖွဲ့ဝင်များက
ဝိုင်းရံထား ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် ဆီးရီးယားတွင်
တိုက်ခိုက်မှုများနှင့် ထပ်မံရင်ဆိုင်လာရပါက အပြင်းထန်ဆုံးသောနည်းလမ်းဖြင့် မိမိ ကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို
အသုံးပြုသွားမည်ဟု တူရကီကာကွယ်ရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ ၃ ရက်တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ခဲ့ပြီးနောက် တူရကီ၏
လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်မည့်အစီအစဉ်များ ထွက်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment