ဆီးရီးယားနိုင်ငံအတွင်း တူရကီစစ်သည်များ ထိခိုက်ဒဏ်ရာရရှိမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့ပါက တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့များအား လေကြောင်း၊ သို့မဟုတ် မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ တေရစ် အာဒိုဂန် (Tayyip Erdogan) က ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအစောပိုင်းတွင် တူရကီ စစ်သည် ၁၀ ဦးသေဆုံးခဲ့ပြီးနောက် တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံအတွင်းသို့ စစ်အင်အားများ ထပ်မံဖြည့်တင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ် လျက်ရှိပါသည်။ ဆီးရီးယားအစိုးရတပ်ဖွဲ့များအနေဖြင့် အိုင်ဒဲလစ် (Idlib) မြို့အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်ကာ တိုက်ခိုက်မှုများ လုပ်ဆောင် နေသည်ဟု အာဒိုဂန်ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment