The
Peninsula Qatar; Feb-22 (Sat)
တူရကီကာကွယ်ရေးဝန်ကြီး
ဟူလူစီအာကာ (Hulusi Akar) နှင့် ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီရှိုဂူ
(Sergey Shoygu) တို့သည် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ်
(Idlib) စီရင်စုအခြေအနေနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း
တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုများအတွင်း ၎င်းတို့သည်
အိုင်အဲလစ်စီရင်စု၌ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများဖြေရှင်းနိုင်ရန် နည်းလမ်းများအား
အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အိုင်ဒဲလစ်စီရင်စုသည် တူရကီနှင့်ရုရှားနိုင်ငံ
တို့၏ ၂၀၁၈ ခုနှစ်သဘောတူညီချက်များအရ စစ်ပွဲလျှော့ချရေးဇုန် (De-escalation Zone) အဖြစ်
သတ်မှတ်ခဲ့ကြပါသည်။
ထို့နောက် အိုင်ဒဲလစ်စီရင်စုသည် ဆီးရီးယားအစိုးရအဖွဲ့၏
တိုက်ခိုက်ခြင်းခံခဲ့ ရပြီး ပြီးခဲ့သည့်လများစွာ၌ အိုင်ဒဲလစ်ဒုက္ခသည် ၁ သန်းခန့်တို့သည်
တူရကီနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။
တူရကီနိုင်ငံသည် အဆိုပါတိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် ဆီးရီးယားနိုင်ငံအား တိုက်တွန်းပြောကြားခဲ့ပြီး
ရပ်တန့်ခြင်းမရှိပါက အရေး ယူမှုများလုပ်ဆောင်သွားမည်ဟု
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment