DW; Feb-2 (Sun)
ဂရိနှင့် တူရကီတို့အကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်း
နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ပထဝီနိုင်ငံရေးဆိုင်ရာပဋိပက္ခများဖြစ်ပွားရန်
အလားအလာများ ဖြစ်ပေါ်လျက် ရှိသဖြင့် ဂရိနိုင်ငံသည် ၎င်းဒေသအတွင်း စစ်ဘက်တပ်ဖွဲ့များအား
ပိုမိုတိုးမြှင့် တပ်ဖြန့်ချထားလျက်ရှိပါသည်။ မကြာသေးမီကာလအတွင်းကလည်း
နှစ်နိုင်ငံနယ်စပ် အီဗရိုစ်မြစ်ဝကျွန်းပေါ်ဒေသရှိ ဂရိနိုင်ငံဘက်ခြမ်းတွင် ငါးဖမ်းသမား
၂ ဦးအား တူရကီ စစ်ဘက်မှ ဖမ်းဆီးဒဏ်ရိုက်ခဲ့မှုကြောင့် ၎င်းဒေသရှိ ဂရိငါးဖမ်းသမားများအား
ဒေသ ဆိုင်ရာအစောင့်တပ်ဖွဲ့ဝင်များအဖြစ်
လက်နက်များတပ်ဆင်ပေးရန် ဂရိကာကွယ်ရေးဝန်ကြီး ဌာနက စီစဉ်ခဲ့ပါသည်။ သို့သော် ထိုကဲ့သို့ လက်နက်တပ်ဆင်မည်ဆိုပါက ၎င်းဒေသနှင့် ပတ်သက်၍
ထိန်းချုပ်ရခက်ခဲပြီး ပိုမိုအန္တရာယ်များသောအခြေအနေ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်ဟု
ဒေသခံငါးဖမ်းသမားတစ်ဦးကလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
၎င်းဒေသနှင့်ပတ်သက်၍ ဂရိနှင့် တူရကီတို့အကြား တင်းမာမှုများဖြစ်ပေါ်လာခဲ့
ခြင်းသည် တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်သော စစ်ဘက်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်
ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယခင်ကာလအတွင်း၌ နှစ်ဘက် နယ်နိမိတ်အကြား ကောင်းမွန်သောဆက်ဆံရေးများဖြစ်ပေါ်ခဲ့သည်ဟု
အဆိုပါ ဒေသခံ ငါးဖမ်းသမားက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံမှတစ်ဆင့်
ဂရိသို့ ဒုက္ခသည်များဝင်ရောက်လာမှုသည်လည်း ပိုမိုများပြားလာခဲ့သည်ဟု
၎င်းက ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ဂရိဝန်ကြီးချုပ် ကူရီယာကော့စ်မစ်ဆိုတာကစ်
အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင်ပြုလုပ်သည့် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက်
နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အစီအမံသစ်တစ်ရပ်အဖြစ် တူရကီမှ ဂရိနိုင်ငံသို့ ခိုးဝင်ရောက်ရှိ
လျက်ရှိသော တရားမဝင်ရွှေ့ပြောင်းသွားလာသူများ ဝင်ရောက်လာမှုအား
ရပ်တန့်သွားရန် စီစဉ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် အဆိုပါဒေသ၌ ဂရိနယ်ခြားစောင့်ကင်းလှည့်
တပ်ဖွဲ့ဝင် ၄၀၀ အား ထပ်မံတပ်ဖြန့်ချထားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment