Xinhua; Feb-27 (Thu)
ရိုမေးနီးယားသမ္မတ ကလော့လိုဟာနစ်
(Klaus lohannis) သည် အစိုးရသစ် ဖွဲ့စည်းရန်အတွက်
အမျိုးသားလစ်ဘရယ်ပါတီ (National Liberal Party) မှ ဘဏ္ဍာရေး ဝန်ကြီး ဖလော်ရင်ကာတူ
(Florin Catu) အား ဝန်ကြီးချုပ်အသစ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် အတည်ပြုခန့်အပ်ခဲ့ပါသည်။ ဝန်ကြီးချုပ်အဖြစ် ယာယီခန့်အပ်ခြင်းခံခဲ့ရသည့်
လူဒိုဗစ်အော်ရ်ဘန် (Ludovic Orban) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက
ဖေဖော်ဝါရီလ ၂၄ ရက်တွင် ချမှတ်ခဲ့ ပြီးနောက် ရိုမေးနီးယားသမ္မတက အဆိုပါဆုံးဖြတ်ချက်အား
ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ကာတူသည် အစိုးရအဖွဲ့၏အစီအစဉ်များနှင့် အစိုးရအဖွဲ့ဝင်အမည်စာရင်းအား အချိန်တို အတွင်း လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။
အဓိကအတိုက်အခံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် အစိုးရဖွဲ့စည်းမှု
လုပ်ငန်းစဉ်များအား နှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားစေရန် လုပ်ဆောင်လိမ့်မည် မဟုတ်ဟု
မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခံခဲ့ရသည့်အတွက်
အစိုးရအသစ်ဖွဲ့စည်းရာတွင် ပိုမိုတာဝန်ရှိလာခဲ့ ကြောင်းနှင့်
ပါလီမန်အတွင်း ထောက်ခံမှုရရှိရေးအတွက် မိတ်ဖက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ကာတူအား ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခြင်းသည်
နိုင်ငံရေးဆိုင်ရာပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ် ကြောင်းနှင့် အစိုးရသစ်ဖွဲ့စည်းရေးအတွက်
လွှတ်တော်အတွင်း ထောက်ခံမှုအများစု ရရှိအောင် ဆောင်ရွက်နိုင်ဖွယ်မရှိကြောင်း အတိုက်အခံလစ်ဘရယ်နှင့်
ဒီမိုကရက်တစ် မဟာမိတ်ပါတီ (Alliance of Liberals and Democratics – ALDE) ခေါင်းဆောင်
ကာလင်ပိုပီစ်ကူ-တာရီစီယာနူ (Calin Popescu-Tariceanu) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment