Friday, February 14, 2020

တူရကီနှင့် ရုရှားစစ်ဘက်အကြီးအကဲများသည် အိုင်ဒဲလစ်(Idlib) ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပက်သက်၍ ဆွေးနွေးခဲ့ခြင်း

 တူရကီနှင့် ရုရှားစစ်ဘက်အကြီးအကဲများသည် ဆီးရီးယားနိုင်ငံအနောက် မြောက်ပိုင်းရှိ အိုင်ဒဲလစ်(Idlib) ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း တူရကီစစ်ဘက်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခုသီတင်းပတ်အစောပိုင်းက အိုင်ဒဲလစ်ပြည်နယ်အတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးခဲ့မှုအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဆီးရီးယားပြည်တွင်းစစ် စတင်ဖြစ်ပေါ်ခဲ့ သည့် ၂၀၁၁ ခုနှစ်အတွင်းမှစ၍ အိုင်ဒဲလစ်ပြည်နယ်သည် အတိုက်အခံလက်နက်ကိုင် အဖွဲ့များအဓိကခြေကုတ်ယူထားသော နေရာတစ်ခုဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment