၁၄။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံရှိ တပ်ဖွဲ့ဝင်များအပေါ် မည်သည့် တိုက်ခိုက်မှုမျိုးမဆို ပြန်လည်တုံ့ပြန်သွားရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။ ရုရှားအနေဖြင့် ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်းရှိ ၎င်း၏ သတ်မှတ်ချက်တာဝန်များအား လိုက်နာ ဆောင်ရွက်ရန် သမ္မတ အာဒိုဂန်က တိုက်တွန်းပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ် ပြည်နယ်တွင် တူရကီစစ်ဘက်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တူရကီသည် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆီးရီးယားတပ်ဖွဲ့ဝင်များအား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် F-16 တိုက်လေယာဉ်များအား ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်ဖြန့်ချထားခဲ့ပါသည်။ ရုရှားနှင့် တူရကီခေါင်းဆောင်များသည် ဆီးရီးယား အရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်များအတွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment