Xinhua; Mar-18(Wed)
တူရကီကျောထောက်နောက်ခံပြု
သူပုန်အဖွဲ့သည် မတ်လ ၁၇ ရက်တွင် ဆီးရီးယားနိုင်ငံ၊
အိုင်ဒဲလစ်စီရင်စု (Idlib) အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အား ချိုးဖောက်ခဲ့ကြောင်း SANA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ
သူပုန် အဖွဲ့များသည် အိုင်ဒဲလစ်စီရင်စု ခါဖာနူဘူး(Kafr-Nubul) နှင့် ဟာဇာရင်
(Hazarin) နယ်မြေများအတွင်းရှိ ဆီးရီးယားစစ်ဘက်နေရာအချို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း
အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဆီးရီးယားစစ်ဘက်ကလည်း
သူပုန်များ၏ အမြောက်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုများအပေါ် တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။
ရုရှားနှင့် တူရကီတို့သည် ပြီးခဲ့သော
မတ်လ ၅ ရက်တွင် ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် စီရင်စုရှိ စစ်မဲ့ဇုန်အတွင်း အပစ်အခတ်ရပ်စဲရန်
သဘောတူညီခဲ့ကြပါသည်။ ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အိုင်ဒဲလစ်စီရင်စုအတွင်း
တူရကီကျောထောက်နောက်ခံပြု သူပုန်အဖွဲ့အပေါ် ထိုးစစ်ဆင်မှုများစတင်ပြုလုပ်ခဲ့ချိန်မှစ၍ တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့ တို့အကြား အကြိမ်ပေါင်းများစွာ ထိတွေ့တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်
အထက်ပါ သဘောတူညီမှုကို
ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီမှုရရှိခဲ့ပြီးနောက် အိုင်ဒဲလစ်စီရင်စုအတွင်းရှိ တူရကီကျောထောက်နောက်ခံပြုသူပုန်များသည် အပစ်အခတ် ရပ်စဲမှုအား ၃၈ ကြိမ်တိုင်တိုင် ချိုးဖောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး
ဌာန၏ထုတ်ပြန်ချက်အား ကိုးကား၍ SANA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီ သည် ရုရှားနှင့် တူရကီတို့အကြား ၂၀၁၈ ခုနှစ်ကရရှိခဲ့သော
ဆိုချီသဘောတူညီချက်ပါ အချက်များအား လိုက်နာစောင့်ထိန်းရန်ပျက်ကွက်ခဲ့ပြီးနောက် ဆီးရီးယားစစ်ဘက်
သည် အိုင်ဒဲလစ်စီရင်စုအတွင်း စစ်ဆင်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment