Trend; Mar-3 (Tue)
တူရကီနှင့် ကာဇက်စတန်နိုင်ငံအကြား
ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၄၉.၁ သန်းရရှိခဲ့ပြီး
အဆိုပါပမာဏ အား ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၅.၈ သန်းထိ
ကျဆင်းခဲ့ကြောင်း တူရကီကုန်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၃ ရက်တွင် Trend သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံမှ ကာဇက်စတန်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၉.၇
သန်း ရရှိခဲ့ပြီး ကာဇက်စတန်နိုင်ငံ မှ တူရကီနိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းမှုသည်
အမေရိကန်ဒေါ်လာ ၈၉.၃ သန်း ရရှိခဲ့ပါသည်။ တူရကီနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၀
ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၃.၉ ဘီလီယံ ရရှိခဲ့ပါသည်။
တူရကီနိုင်ငံမှ တင်ပို့မှုသည်
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အမေရိကန် ဒေါ်လာ ၁၄.၇ သန်း ရရှိခဲ့ပြီး အဆိုပါပမာဏသည်
၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ တူရကီနိုင်ငံသို့
တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၉.၂ ဘီလီယံရရှိခဲ့ပြီး
အဆိုပါပမာဏသည် ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နှိုင်းယှဉ်ပါက
အမေရိကန်ဒေါ်လာ ၆၈.၅ သန်း တိုးတက်ခဲ့ ပါသည်။ တူရကီနိုင်ငံမှ ကာဇက်စတန်နိုင်ငံသို့ တင်ပို့မှုသည်
၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၀၆ သန်း ရောက်ရှိခဲ့ပြီး ကာဇက်စတန်နိုင်ငံမှ တင်သွင်းမှုသည်
အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment