Xinhua; May-29( Fri)
လတ်ဗီးယားအစိုးရသည်
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု
များအား ထိန်းချုပ်နိုင်ရန်အတွက် ချမှတ်ခဲ့သော နိုင်ငံ့၏အရေးပေါ်အခြေအနေတစ်ရပ်အား ရုပ်သိမ်းရန်
ပြင်ဆင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက မေလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ လတ်ဗီးယားအစိုးရအနေဖြင့်
နိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှု ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းနှင့်
စီးပွားရေးလုပ်ငန်းများ ကို ထောက်ပံ့ပေးနိုင်ရန်
စီမံချက်အသစ်များရေးဆွဲထားကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါသည်။ လတ်ဗီးယားနိုင်ငံ၏
အရေးပေါ်အခြေအနေသည် ဇွန်လ ၃၀ ရက်၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက်
အစိုးရအနေဖြင့် COVID-19 ကြောင့် အလုပ်လက်မဲ့ဘဝသို့
ရောက်ရှိခဲ့ရသူများအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး အစီအစဉ်များအပါအဝင် အချို့သောပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအတွက်
အလုပ်အကိုင် များပေးအပ်နိုင်ရန် စီစဉ်ထားကြောင်း မေလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲအတွင်း ဘဏ္ဍာရေးဝန်ကြီး ဂျာနစ်ရီရာ
(Janis Reirs) က ပြောကြား ခဲ့ပါသည်။
လတ်ဗီးယားဘဏ္ဍာရေးဝန်ကြီးဌာနသည်
COVID-19 ကပ်ရောဂါ ကူးစက်မှု ဒဏ်ကြောင့်
ထိခိုက်ဆုံးရှုံးခဲ့ရသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းနှင့် စီးပွားရေးလုပ်ငန်း များကို
၂၀၂၀ ပြည့်နှစ်ကုန်အထိ ဆက်လက်ထောက်ပံ့ပေးအပ်နိုင်မည့် ဥပဒေမူကြမ်း တစ်ရပ်ကိုရေးဆွဲခဲ့ပါသည်။ အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်
လုပ်ငန်းလည်ပတ်မှု များရပ်ဆိုင်းရန် တွန်းအားပေးခံခဲ့ရသည့်ကုမ္ပဏီများတွင် လုပ်ကိုင်ဆောင်ရွက်နေရ
သည့် အလုပ်သမားများအား အထူးထောက်ပံ့ကြေးငွေများပေးအပ်လျက်ရှိကြောင်း ဂျာနစ်ရီရာက ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် အလုပ်လက်မဲ့များကို
ထောက်ပံ့ ငွေများပေးအပ်မည့်အစား လုပ်ခလစာပိုမိုရရှိနိုင်မည့် စီမံကိန်းများတွင် ဝင်ရောက်
လုပ်ကိုင်နိုင်ရေး သင်ကြားမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဂျာနစ်ရီရာက ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment