Monday, May 11, 2020

ပိုလန်ရွေးကောက်ပွဲကော်မရှင်သည် လာမည့်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်ရက်အား ၂ ပတ်အတွင်း ကြေညာမည်ဆိုခြင်း


Reuters; May-11 (Mon)
              ပိုလန်အစိုးရသည် သမ္မတရွေးကောက်ပွဲကို ယခင်က မေလ ၁၀ ရက်တွင် ကျင်းပပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် သမ္မတကိုယ်စားလှယ်လောင်းများသို့ ဆန္ဒမဲပေးရန်မဖြစ်နိုင်သဖြင့် ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်အား ရွှေ့ဆိုင်းခဲ့ပါသည်။ ပိုလန်လွှတ်တော်ဥက္ကဋ္ဌသည် သမ္မတ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်ရက်အား လာမည့် ၁၄ ရက်အတွင်း ကြေညာသွားမည် ဖြစ်ကြောင်းကို ရွေးကောက်ပွဲကော်မရှင်အကြီးအကဲက မတ်လ ၁၀ ရက်တွင် ပြောကြား ခဲ့ပါသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်းကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအတွင်း အစိုးရသည် ပြည်သူ့ကျန်းမာရေးကို လျစ်လျူရှုသည်ဟု အတိုက်အခံများက စွပ်စွဲခဲ့ ပြီးနောက် အထက်ပါကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
              လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်ရက်အား ကြေညာ ပြီးပါက ရွေးကောက်ပွဲအား ရက်ပေါင်း ၆၀ အတွင်းကျင်းပပြုလုပ်ရန် မျှော်မှန်းထား ကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဆီလ်ဝက်စတာမာဆီနက် (Sylwester Marciniak) က TVN24 ပုဂ္ဂလိကသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ထို့ပြင် ရွေးကောက်ပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပပြုလုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်ရှိအာဏာရအမျိုးသားရေးဥပဒေနှင့် တရားမျှတရေးပါတီ အစိုးရ (Nationalist Law and Justice -PiS) အဖွဲ့အနေဖြင့် မေလ ၂၃ ရက်တွင် ဆန္ဒမဲပေးပွဲပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိသမ္မတ အန်ဒရီးဒူဒါ (Andrzej Duda) သည် ရွေးကောက်ပွဲအကြိုစစ်တမ်းများအရ ပြည်သူများ၏ ထောက်ခံမဲ အများဆုံးရရှိခဲ့သော်လည်း လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ဆန္ဒမဲပေးပွဲနှောင့်နှေးမှုဖြစ်ခဲ့ပါက ၎င်းအား လူထုထောက်ခံမှုကျဆင်းစေနိုင်သည့်အပေါ် PiS ပါတီက စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment