News Bar
ခရိုအေးရှားနိုင်ငံ ဇာဒါ (Zadar) မြို့အနီး၌ မေလ ၇ ရက်တွင် စစ်ဘက် လေယာဉ်တစ်စီးပျက်ကျခဲ့မှုကြောင့် လေယာဉ်မှူး ၂ ဉီးသေဆုံးခဲ့ကြောင်း ခရိုအေးရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါလေယာဉ်ပျက်ကျမှုသည် ပုံမှန်လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ဘီဂျိန်ဒွန်ဂျီ (Biljane Donje) ကျေးရွာအနီး၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၂ ဉီးသည် အမောင်းသင် ၁ ဉီးနှင့် နည်းပြ ၁ ဉီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါလေယာဉ်ပျက်ကျမှုသည် ခရိုအေးရှားလေတပ် အတွက် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ပျက်ကျခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment