Friday, June 12, 2020

News Bar


              တူရကီနိုင်ငံအနေဖြင့် လစ်ဗျားအပါအဝင် အခြားနိုင်ငံများ၏ ပိုင်နက် နယ်မြေများအား ကျူးကျော်သိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် လစ်ဗျားပြည်တွင်းစစ်အဆုံးသတ်ရေး အတွက် ပြန်လည်ပေါင်းစည်းရေးအစိုးရ တရားဝင်ဖွဲ့စည်းရန် အကူအညီများဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လစ်ဗျားနိုင်ငံတွင် ငြိမ်းချမ်း‌ရေးရရှိရန် ကြိုးပမ်းနေ ကြောင်း အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် လစ်ဗျားနိုင်ငံတွင် ဒေသတွင်းမိတ်ဖက်နိုင်ငံများ၏ထောက်ပံ့ကူညီမှုဖြင့် အကြမ်းဖက်မှုများ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် လစ်ဗျား အမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA) နှင့် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရအဖွဲ့ (Government of National Accord-GNA) တို့အကြား အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment