Sunday, June 14, 2020
News Bar
အစ္စရေးနှင့်ဂရိနိုင်ငံတို့သည်
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း
အစ္စရေးနိုင်ငံ၏ အမျိုးသား ဆိုက်ဘာညွှန်ကြားရေးမှူးရုံး (Israel National Cyber
Directorate-INCD) က ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်ကို INCD
၏ အကြီးအကဲ ယီဂယ်ယူနာ (Yigal Unna)နှင့် ဂရိဝန်ကြီးချုပ်
ကီရီယာကိုစ့်ပီအာရာကာကစ် (Kyriakos Pierrakakis)
တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူစာချုပ်တွင် ဆိုက်ဘာရေးရာနိုင်ငံတော်မူဝါဒများနှင့် ဝန်ထမ်းလေ့ကျင့်ရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက် မှုများမြှင့်တင်ရန်အတွက်
ပူးတွဲစီမံကိန်းများပြုလုပ်ရေးတို့ ပါဝင်ပါသည်။ ဂရိဝန်ကြီးချုပ် သည် အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်
အဆိုပါသဘောတူစာချုပ်အား ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု
(Benjamin Netanyahu) ၏ရှေ့မှောက်၌ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment