Tuesday, June 16, 2020

မြောက်မက်ဆီဒိုးနီးယားရွေးကောက်ပွဲတွင် ပါတီများစွာဝင်ရောက်ယှဉ်ပြိုင်မည်ဆိုခြင်း


မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၏  Social Democratic Union of Macedonia (SDSM) ပါတီခေါင်းဆောင် ဇိုရန်ဇာ့ဗ် (Zoran Zaev) နှင့် VMRO-DPMNE ပါတီခေါင်းဆောင် ဟရစ်တီဂျန်မစ်ကိုစကီ (Hristijan Mickoski) တို့သည် ပထမအကြိမ်လွှတ်တော် ရွေးကောက်ပွဲများအား ဇူလိုင်လ ၁၅ ရက်တွင်ကျင်းပရန် သဘောတူညီချက်တစ်ရပ် ရရှိ ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ၎င်းရွေးကောက်ပွဲအား ဧပြီလ ၁၂ ရက်တွင် ကျင်းပရန် ကနဦးစီစဉ်ထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြောင့် ၎င်းအစီအစဉ်အား ရွှေ့ဆိုင်းခဲ့ပါသည်။ မြောက်မက်ဆီဒိုးနီးယား သမ္မတ စတီဗိုပန်ဒါရော့စကီ (Stevo Pendarovski) သည် အဆိုပါသဘောတူညီချက် ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment