တူရကီအစိုးရသည် နိုင်ငံအတွင်း ဈေးရောင်းချမှုဆိုင်ရာပိတ်ပင်မှုများအား ဖယ်ရှားပေးခဲ့ပြီးနောက် စူပါမားကတ်၊ ဆေးဆိုင်များနှင့် အွန်လိုင်းမီဒီယာများတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများကို မေလ ၈ ရက်တွင် စတင်ရောင်းချခဲ့ပါသည်။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတစ်ခုအား အမေရိကန်ဒေါ်လာ ဝ.၁၄ ဒေါ်လာဖြင့် ရောင်းချ သွားရန် တူရကီကုန်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ပေးခဲ့ပါသည်။ ထို့ပြင် တူရကီ သမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ကလည်း COVID-19 ကပ်ရောဂါဆိုင်ရာကန့်သတ်မှုများအား တဖြည်းဖြည်းလျှော့ချပေးသွားမည်ဖြစ်ကြောင်း နှင့် ဆံပင်ညှပ်ဆိုင်များ၊ ဈေးဝယ်စင်တာများအား မေလ ၁၁ ရက်တွင် ပြန်လည်ဖွင့်ပေး သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment