Thursday, June 25, 2020
NewsBar
ဆိုက်ပရက်သမ္မတ နီကိုအန်နာစတာဆီဒီ
(Nicos Anastasiades) သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးအသစ် ၄ ဦးအား အစားထိုးခန့်အပ်ခဲ့ပြီး
အစိုးရအဖွဲ့အား ဇွန်လ ၂၄ ရက်တွင်
ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ သမ္မတ အန်နာစတာဆီဒီသည် ဇွန်လ ၂၃ ရက်၌ တရားရေးရာဝန်ကြီး
ဂျော့ဆာဗေးဒစ် (George Savvides) ၏နေရာတွင်
အမ်မလီ ယိုလီတီစ် (Emily Yiolitis) အားလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဆာဗက် အိန်ဂျယ်လဝီ (Savvas Angelides) ၏နေရာတွင် ချာရာလမ်ဘော့စ်ပက်ထရီဒီ
(Charalambos Petrides) အားလည်းကောင်း၊
စွမ်းအင်၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့်ခရီးသွားရေးရာ ဝန်ကြီး ရော်ကိုလက်ကိုထရိုင်ပစ်စ်
(Yiorgos Lakkotrypis) ၏နေရာတွင် ရေလုပ်ငန်း ဆိုင်ရာတွဲဖက်ဝန်ကြီး နာတာဆာဖလီဒီ
(Natasa Pilides) အားလည်းကောင်းခန့်အပ် ခဲ့ပြီး
လစ်လပ်သွားသော ရေလုပ်ငန်းဆိုင်ရာတွဲဖက်ဝန်ကြီးနေရာတွင် ဥရောပကော်မရှင် ညွှန်ကြားမှုဦးစီးဌာန၏ ပင်လယ်ရေကြောင်းဆိုင်ရာမူဝါဒ အမျိုးသားကျွမ်းကျင်ပညာရှင်
ဗက်ဆီလီဒီမီထရာဒီ (Vassilis Demetriades) အား ခန့်အပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment