Defenseworld;Jul-20(Mon)
အစ္စရေးနိုင်ငံသည်
ဂရိနိုင်ငံ၏ အပါချီ AH-64 ရဟတ်ယာဉ် ၁၉ စီးအား အဆင့်မြှင့်တင်ပေးရန်အတွက်
သဘောတူခဲ့ကြောင်းနှင့် အဆိုပါအဆင့်မြှင့်တင်မှုမှာ အမေရိကန်ဒေါ်လာ ၃၄
သန်းတန်ဖိုးရှိကြောင်း Defenseworld သတင်းဌာနက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆင့်မြှင့်တင်မည့် အပါချီ AH-64 ရဟတ်ယာဉ် အား Elbit
Systems ကုမ္ပဏီမှ
တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပစ်မှတ်ရှာဖွေရေး အာရုံခံခေတ်မီစနစ်သစ်များ၊
ညကြည့်အာရုံခံစနစ်များအပြင် ဘက်စုံသုံးလေယာဉ်မှူးဆောင်း ဦးထုပ်များအား ထည့်သွင်းတပ်ဆင်သွားမည်ဖြစ်ကြောင်း
၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံ၏
အထက်ပါ အပါချီ AH-64 ရဟတ်ယာဉ်အား အဆင့်မြှင့်တင်ပေးမှုသည် အစ္စရေး-ဂရိ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုကို
ဖော်ပြလျက် ရှိပါသည်။
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kyriakos
Mitsotakis) ကလည်း ဇွန်လအလယ်ပိုင်း၌ အစ္စရေးနိုင်ငံသို့
ချစ်ကြည်ရေးခရီးသွားရောက်ခဲ့စဉ်အတွင်း လေယာဉ်မှူး များအတွက် လေ့ကျင့်ရေးစင်တာတစ်ခုတည်ထောင်ရန် Elbit Systems ကုမ္ပဏီနှင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း ဝန်ကြီးချုပ် တားကစ်သည် ဂရိ ONEX Neorion သင်္ဘောကျင်းနှင့် Israel
သင်္ဘောကျင်းတို့ဖြင့်ပူးပေါင်း၍ နှစ်နိုင်ငံအကြား Themistocle
အမျိုးအစား ကော်ဗတ်စစ်သင်္ဘောများတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍
သဘော တူညီခဲ့ပါသည်။ ထို့ပြင် အစ္စရေးနိုင်ငံသည်
အရှေ့မြေထဲပင်လယ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍လည်း ဂရိ၊
ဆိုက်ပရပ်စ်နိုင်ငံတို့နှင့်အတူ ၃ နိုင်ငံသဘောတူ စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ အထက်ပါပိုက်လိုင်းစီမံကိန်းသည် ဓာတ်ငွေ့ များအား မြေထဲပင်လယ်မှတစ်ဆင့် ဥရောပတောင်ပိုင်းသို့တင်ပို့နိုင်ရန် ရည်ရွယ်၍
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment