Tuesday, July 7, 2020


             တူရကီနိုင်ငံရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုအေဂျင်စီသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တိုက်ဖျက်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အကူအညီပေးအပ်သည့်အနေဖြင့် ကပ်ရောဂါကာကွယ်ရေး ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင်လ ၆ ရက်တွင် ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ ထောက်ပံ့ရေးပစ္စည်းများအား လူ ၁၀,၁၈၀ ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး လူ ၁၉၅ ဦးခန့် သေဆုံးခဲ့ရသည့် စစ်တကောင်းမြို့သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါ အေဂျင်စီသည် ပြီးခဲ့သည့် ဇွန်လ၊ ပထမပတ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာသို့ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment