Politico;
Jul-6 (Mon)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) နှင့် ဥရောပသမဂ္ဂထိပ်တန်းသံတမန်
ဂျိုဆက်ဘော်ရယ်လ် (Josep Borrell) တို့သည်
ဇူလိုင်လ ၆ ရက်တွင် မြို့တော် အန်ကာရာ
(Ankara) ၌ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ် ခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့်
တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံ ချမှတ်သွားမည်ဆိုပါက ပြန်လည်တုံ့ပြန်မှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း
သတိပေး ပြောကြားခဲ့ပါသည်။
ဥရောပနိုင်ငံခြားရေးဝန်ကြီးများသည် တူရကီနိုင်ငံနှင့်ပတ်သက်သည့်
ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးရန်အတွက်
ဇူလိုင်လ ၁၃ ရက်တွင် တွေ့ဆုံ သွားမည်ဖြစ်ပါသည်။ တူရကီနိုင်ငံကမူ ၎င်းတို့အပေါ်ဆန့်ကျင်သည့်
ဆုံးဖြတ်ချက်များ ထပ်မံချမှတ်မည်ဆိုပါက တင်းမာမှုကို
ပိုမိုကြီးထွားအောင် ဖန်တီးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
ပြင်သစ်နှင့်တူရကီနိုင်ငံတို့မှ စစ်ရေယာဉ်များသည်
မြေထဲပင်လယ်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့ရာ အဆိုပါမတော်တဆမှုအား ဖြေရှင်းပေးနိုင်ရေးအတွက်
ဥရောပအဆင့် ဆွေးနွေးပွဲများပြုလုပ်ရန်နှင့် တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းဗက်လီဒရိန်း (Jean-Yves Le Drian) က ပြီးခဲ့သည့်
သီတင်းပတ်အတွင်း၌ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် နေတိုး အဖွဲ့ဝင်နိုင်ငံများကိုလည်း
စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် ၎င်းက ထပ်မံတောင်းဆို ခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့်
တူရကီအပေါ် အရေးယူပိတ်ဆို့မှုချမှတ်မည်ဆိုပါက မြေထဲပင်လယ်အရှေ့ပိုင်း၌
လက်တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် တူရကီနှင့် ဥရောပသမဂ္ဂ အကြားတွင် ဆက်ဆံရေးတင်းမာလျက်ရှိသော်လည်း မကြာမီကာလအတွင်း
ပြန်လည် ဖြေလျှော့သွားနိုင်ဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂထိပ်တန်းသံတမန်
ဘော်ရယ်လ်က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီသည်
၁၉၅၂ ခုနှစ်တွင် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ၁၉၉၉ ခုနှစ်မှစ၍ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ရေး
ကြိုးပမ်းနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါ သည်။ ပြီးခဲ့သည့် သီတင်းပတ်က မြေထဲပင်လယ်အတွင်း
တူရကီစစ်ရေယာဉ်များနှင့် ပြင်သစ်စစ်ရေယာဉ်များအကြား မတော်တဆမှုဖြစ်ပွားခဲ့ရာ အဆိုပါမတော်တဆမှုကို
ဖြေရှင်းပေးနိုင်ရေးနှင့် တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်ရေးအတွက် ပြင်သစ်အနေဖြင့် ဥရောပသမဂ္ဂအပေါ် တောင်းဆိုမှုများပြုလုပ်ခဲ့ပါသည်။
တူရကီနှင့် ဥရောပသမဂ္ဂအကြား ၂၀၁၆ ခုနှစ်၊ မတ်လတွင် လက်မှတ်ရေးထိုးခဲ့သည့် ရွှေ့ပြောင်း
ဒုက္ခသည်များဝင်ရောက်မှုတားမြစ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် တူရကီနိုင်ငံအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်ပေးသွားမည်ဟူသည့်
ကတိကဝတ်အား ဥရောပသမဂ္ဂက လိုက်နာဆောင်ရွက်ရန်
ပျက်ကွက်ခဲ့ပါသည်။ တူရကီနိုင်ငံသည် လက်ရှိ အချိန်တွင် ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံနှင့်
မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်း လာစေရန် ကြိုးပမ်းလျက်ရှိပြီး ၎င်း၏ဩဇာအာဏာကိုလည်း
ယခုထက်ပို၍ တည်တံ့ ခိုင်မြဲရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် EU အဖွဲ့ဝင်နိုင်ငံဖြစ်သည့်
ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်အရ ၎င်းအပေါ် အရေးယူပိတ်ဆို့မှုများ
ဖြစ်ပေါ်လာပါက လက်တုံ့ပြန်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း
သတိပေးပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံနှင့်
မဟာမိတ်ဖြစ်သော တူရကီအား ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ပြုရေးကိစ္စကို
ပိုမိုကြန့်ကြာစေမည့် ပြင်သစ်၏တောင်းဆိုချက်ကို ဥရောပသမဂ္ဂ အနေဖြင့် အာဒိုဂန်ဦးဆောင်မှုအောက်ရှိ တူရကီသည် EU ၏ အဓိကလိုအပ်ချက်များကို
ဖြည့်ဆည်းပေးသော အစ္စလာမ်ဒီမိုကရေစီစံနမူနာပြနိုင်ငံတစ်ခုမဟုတ်တော့သဖြင့်
တူရကီ အပေါ် သံတမန်ရေးနည်းဗျူဟာအသစ်ဖြင့်
ဆက်ဆံကာ EU သို့ ဝင်ရောက်ခြင်းလုပ်ငန်းစဉ် သည်လည်း အဆုံးသတ်သွားနိုင်ကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment