။ တူရကီနိုင်ငံအရှေ့ပိုင်း ဗန် (Van)
ပြည်နယ်တွင်
ကင်းထောက်လေယာဉ်တစ်စီး ပျက်ကျခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇
ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် Anadolu
သတင်းဌာနက ဇူလိုင်လ ၁၆ ရက်တွင်
ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါလေယာဉ် သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂,၂၀၀ မီတာအကွာရှိ Mount Artos တောင်ပေါ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး
လေယာဉ်မောင်းသူ ၂ ဦးစလုံး သေဆုံးခဲ့ပါသည်။ လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍
စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။ ဒေသစံတော်ချိန် ညပိုင်း ၁၀ နာရီ ၃၂ မိနစ်တွင်
နောက်ဆုံးအကြိမ်အဖြစ် ဆက်သွယ်မှုရရှိခဲ့ပြီးနောက်
၁၅ မိနစ်ခန့်အကြာတွင် ဆက်သွယ်မှုပြတ်တောက်ခဲ့ပါသည်။
အဆိုပါလေယာဉ်သည် ဇူလိုင်လ ၁၃ ရက်မှစ၍ ထောက်လှမ်းရေးမစ်ရှင်များ ဆောင်ရွက်ခဲ့ပါသည်။
ထို့ကြောင့် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သည့်တပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက်
ဗန်ပြည်နယ် အုပ်ချုပ်ရေးမှူး မဲမက်အီမင်ဘီမက် (Mehmet
Emin Bilmez) က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment