Saturday, July 4, 2020

News Bar

။        တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံအနောက်မြောက်ဘက်ရှိ အိုင်ဒဲလစ် (Idlib) စီရင်စုသို့ စစ်ဘက်ယာဉ် ၃၀ စီး စစ်ကူစေလွှတ်ခဲ့ကြောင်း ဇူလိုင်လ ၄ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုမှ ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်အနေဖြင့် ရုရှား-တူရကီ အိုင်ဒဲလစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ မှစတင်ကာ စစ်ဘက်ယာဉ် စုစုပေါင်း ၄၂၄၀ စီးအား ဆီးရီးယားမြောက်ပိုင်းသို့ စေလွှတ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းအပြင် တူရကီစစ်ဘက်သည် ရုရှားနိုင်ငံနှင့် ရရှိထားသော သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအား အကောင်အထည်ဖော်ဆောင် သည့်အနေဖြင့် အပစ်အခတ်ရပ်စဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့များလည်း ဆီးရီးယား နိုင်ငံ အနောက်မြောက်ဘက်ရှိ အိုင်ဒဲလစ်စီရင်စုသို့ စေလွှတ်ထားကြောင်း သိရှိရပါ သည်။

No comments:

Post a Comment