ကိုဆိုဗိုဝန်ကြီးချုပ် အဗ္ဗဒူလာဟိုတီ
(Avdullah Hoti) သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ
ဖြစ်ပွားခဲ့သည့်အတွက် သီတင်းပတ်နှစ်ပတ်ခန့်အထိ
နေအိမ်အတွင်း၌သာ နေထိုင်သွားမည်ဖြစ်ကြောင်း
ဩဂုတ်လ ၂ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာ၌
ရေးသား ဖော်ပြခဲ့ပါသည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဩဂုတ်လ ၂ ရက်တွင် သေဆုံးသူ ၁၃ ဦးရှိ ခဲ့ပြီး ပြီးခဲ့သည့်ရက်များအတွင်းကလည်း
ကိုဆိုဗိုဒေသ၌ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း
သိသိသာသာမြင့်တက်လာခဲ့ရာ လုံလောက်သည့်ထိန်းချုပ်ဟန့်တားမှုများ
ပြုလုပ်နိုင်ခဲ့ခြင်း မရှိသည့်အတွက် အစိုးရအနေဖြင့် ပြစ်တင်ဝေဖန်မှုများနှင့်
ရင်ဆိုင်ခဲ့ရပါသည်။ ကိုဆိုဗို ဒေသတွင် မတ်လအလယ်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ
၉,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၂၄၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment