ဂရိနိုင်ငံနှင့်တင်းမာမှုများမြင့်တက်နေစဉ် တူရကီစစ်ဘက်သည် အေဂျီယန် ပင်လယ်ပြင် (Aegean Sea) တွင် ရေ-လေ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အား ပြုလုပ် ခဲ့ကြောင်း သြဂုတ်လ ၂၂ ရက်တွင် တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ဂရိနှင့်အငြင်းပွားလျက်ရှိသော မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဟု တူရကီနိုင်ငံဘက်မှ ကြေညာခဲ့ ပြီးနောက် အဆိုပါကဲ့သို့ စစ်ရေးစွမ်းရည်မြှင့်တင်နိုင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း များ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ပွဲ (၃)ကြိမ်တိုင်တိုင်ဖြစ်ပွားလုနီးပါးဖြစ်ခဲ့သည့် တူရကီ-ဂရိ နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၇၀ ပြည့်နှစ်အလယ်ပိုင်းမှ လက်ရှိအချိန်အထိ တင်းမာလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment