တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) နှင့် NATO အဖွဲ့၏ အကြီးအကဲ ဂျန်စတိုတန်ဘတ်ချ် (Jens
Stoltenberg) တို့သည် မြေထဲ ပင်လယ်အရှေ့ပိုင်းအတွင်း တူရကီ၏ စွမ်းအင်တူးဖော်ရေးကိစ္စနှင့်ပတ်သက်၍
ဩဂုတ်လ ၁၉ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ဒေသတွင်း
တင်းမာမှုများကိုလျှော့ချရန်နှင့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ပဋိပက္ခများအပေါ်
နိုင်ငံတကာဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း ဂျန်စတိုတန်ဘတ်ချ်က ပြောကြားခဲ့ပါသည်။
တူရကီသည် ဒေသတွင်းရှိ ရေစွမ်းအင်အရင်းအမြစ်များကို သင့်တင့် မျှတစွာခွဲဝေအသုံးပြုခြင်းဖြင့်
နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေရန် ဆွေးနွေးပွဲအတွင်း တိုက်တွန်းပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment