Tuesday, September 1, 2020

ဂရိနှင့် တူရကီအကြား တင်းမာမှုလျှော့ချရေး ဆွေးနွေးသွားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု နေတိုးအဖွဲ့အကြီးအကဲက ပြောကြားခဲ့ခြင်း

 

Xinhua; Sep-2(Wed)

          အမေရိကန်နိုင်ငံအနေဖြင့် အောက်တိုဘာလ ၁ ရက်မှစတင်မည့် ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဆိုက်ပရပ်စ်နိုင်ငံအပေါ်ချမှတ်ထားသည့် လက်နက်ကုန်သွယ်မှု ပိတ်ပင်ထားခြင်းအား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) က ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နာစတာဆီရာဒစ် (Nicos Anastasiades) အား စက်တင်ဘာလ           ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ သေစေနိုင်မှုမရှိသည့် ကာကွယ်ရေးသုံးပစ္စည်း များနှင့် နိုင်ငံတကာလက်နက်ထိန်းချုပ်မှု စည်းမျဉ်းဥပဒေအရ ဆိုက်ပရပ်စ်နိုင်ငံ၌ ရောက်ရှိနေသည့်၊ သို့မဟုတ် ထိန်းချုပ်ထားသည့် ကာကွယ်ရေးဝန်ဆောင်မှုများအား ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြန်လည်တင်ပို့မှု၊ ပြန်လည်လွှဲပြောင်းမှုနှင့် ယာယီတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဆိုက်ပရပ်စ်သည် မြေထဲ ပင်လယ်အရှေ့ပိုင်းဒေသတွင် အမေရိကန်၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းတို့နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း ပွန်ပီယိုက ပြောကြားခဲ့ပါသည်။

     ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း မြေထဲပင်လယ်အရှေ့ပိုင်း၌ သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်ရေးနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တူရကီ နှင့် ဂရိနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်လျက်ရှိစဉ် အမေရိကန်၏ အထက်ပါ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်၏ အထက်ပါဆုံးဖြတ်ချက်  သည် အဆိုပါဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးလျက်ရှိကြောင်းနှင့် အမေရိကန် အစိုးရအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဆိုက်ပရပ်စ်နိုင်ငံအပေါ် လက်နက်ကုန်သွယ်မှု ပိတ်ပင်မှုအား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          အမေရိကန်နိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဆိုက်ပရပ်စ်နိုင်ငံအပေါ် လက်နက် ကုန်သွယ်မှုပိတ်ပင်မှုအား ချမှတ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်၍ လက်နက် ကုန်သွယ်မှုပိတ်ပင်မှုအား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ဆိုက်ပရပ်စ်သည် မြေထဲပင်လယ်အရှေ့ပိုင်းဒေသတွင် စီးပွားရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း မဟာဗျူဟာကျသည့် အနေအထားတွင်တည်ရှိပြီး အမေရိကန်၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း မြေထဲပင်လယ်အရှေ့ပိုင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်လျက်ရှိစဉ် အမေရိကန်၏ အထက်ပါဆောင်ရွက်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍  ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ဆိုက်ပရပ်စ်နှင့်ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်း တူရကီ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂအစည်းအဝေး၌ အတူတကွ ကိုင်တွယ် ဖြေရှင်းသွားရန် ဆုံးဖြတ်ထားရှိကြောင်း တွေ့ရှိရပါသည်။  ထို့ကြောင့်  တူရကီနိုင်ငံသည် နေတိုးမဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများလျှော့ချလာနိုင်ပြီး  ရုရှားနိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကြိုးပမ်းလာဖွယ်ရှိသောကြောင့် အနောက် အုပ်စုနှင့် တူရကီ၏ဆက်ဆံရေးသည် ယခုထက် ပိုမိုတင်းမာလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment