။ တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်း၌ Yavuz ရေနံတူးဖော်ရေး သင်္ဘော၏ ရေနံရှာဖွေတူးဖော်မှုများကို
အောက်တိုဘာလ ၁၂ ရက်အထိ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
စက်တင်ဘာလ ၁၆ ရက်တွင် Reuters သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ၎င်းတို့၏ မြေငလျင်တိုင်းတာရေး သင်္ဘော
Oruc Reis အား ပြုပြင်ထိန်းသိမ်းရန်နှင့် ထောက်ပံ့မှုများပြုလုပ်ရန် အတွက် ပြန်လည်ကမ်းကပ်ခဲ့သော်လည်း မြေထဲပင်လယ်အရှေ့ပိုင်း၌ ဟိုက်ဒရိုကာဗွန် အရင်းအမြစ်ရှာဖွေမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တူရကီနှင့် ဂရိစစ်ဘက်ကိုယ်စားလှယ်များသည် အရှေ့မြေထဲပင်လယ်၌ တင်းမာမှုများလျှော့ချရေး ကိစ္စရပ်များနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၅ ရက်တွင် နေတိုးအဖွဲ့ဌာနချုပ်၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment