။ မြေထဲပင်လယ်ပြင်အရှေ့ပိုင်းအခြေအနေများနှင့်ပတ်သက်၍
စက်တင်ဘာလ ၁၀ ရက်တွင်ပြုလုပ်ခဲ့သော နေတိုးအဖွဲ့အစည်းအဝေးသည် ဂရိအစိုးရအား ဒေသတွင်း
တင်းမာမှုများ လျော့ကျစေရန် ကူညီပေးနိုင်မည့် လုပ်ထုံးလုပ်နည်းများ ဖန်တီးရေး
ဆွဲရန် အဆိုတင်သွင်းနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း
သတင်းအရင်း အမြစ်များက ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံ၏တောင်းဆိုမှုကြောင့် အဆိုပါနေတိုးအဖွဲ့ အစည်းအဝေးတစ်ရပ်ကို ကနဉီးတွင် စက်တင်ဘာလ ၈ ရက်၌ ပြုလုပ်ရန်စီစဉ်ထားခဲ့ သော်လည်း နေတိုးစစ်ကော်မတီက စက်တင်ဘာလ ၁၀ ရက်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် ပါသည်။ တူရကီနှင့်ဂရိနိုင်ငံတို့အကြား ဆွေးနွေးမှုများ စတင်နိုင်ရေးအတွက်
အီဂျီယန် ပင်လယ်ပြင်အတွင်း ဖြန့်ကြက်ထားသော တူရကီသင်္ဘောများကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်းသွားရန်လိုအပ်ကြောင်းကိုလည်း
ဂရိအစိုးရက ပြောကြားခဲ့ပါသည်။
No comments:
Post a Comment