Mehrnews;Nov-17(Tue)
အီရန်နှင့်ဆားဘီးယားနိုင်ငံတို့မှတာဝန်ရှိသူများသည် အပြန်အလှန်ကုန်သွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း MNA သတင်းဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆားဘီးယား ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့်ဆက်သွယ်ရေးဝန်ကြီး တက်တီယာနာမတ်တစ် (Tatjana Matic) နှင့် အီရန်နိုင်ငံသံအမတ် ဟတ်ဆန်ရာရှီးပါး (Hassan Rashidpour) တို့သည် နိုဝင်ဘာလ ၁၆ ရက်တွင် ဆားဘီးယားနိုင်ငံ၊ ဘဲဂရိတ် (Belgrade) မြို့၌ ကျင်းပခဲ့သည့်အစည်းအဝေးတွင် အဆိုပါကဲ့သို့ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ပေးရေးနှင့် တိုက်ရိုက် ပျံသန်းမှုခရီးစဉ်များပြုလုပ်ရေးတို့လုပ်ဆောင်သွားရန်
ဆန္ဒရှိကြောင်း ရာရှီးပါးက ပြောကြားခဲ့ပါသည်။
ထို့ပြင်
အီရန်နိုင်ငံအနေဖြင့် ဘော်လကန် (Balkan) ဒေသရှိ ဆားဘီးယား နိုင်ငံအား အထူးအလေးထားကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုး တိုးတက်စေရန် အစွမ်းရှိသမျှကြိုးစားသွားမည်ဖြစ်ကြောင်း
ရာရှီးပါးက ပြောကြား ခဲ့ပါသည်။ ဆားဘီးယားနိုင်ငံအကြီးအကဲ မတ်တစ်ကမူ နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်အတွက် အဓိကဖြစ်သည့် ပူးတွဲငွေပေးချေမှုစနစ်တစ်ရပ်ကို ထူထောင်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ အနေဖြင့် အီရန်နှင့်အတူ ကုန်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များတွင် တိုးမြှင့်ဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ အတားအဆီးများကျော်လွှားပြီးပါက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် လာစေရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment