Trtworld; Feb-26(Wed)
ရုရှားကိုယ်စားလှယ်အဖွဲ့သည်
ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) အရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက်
ဖေဖော်ဝါရီလ ၂၆ ရက်တွင် တူရကီနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ၊
ရုရှား၊ ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့မှ ခေါင်းဆောင်များသည် ဆီးရီးယားအနောက်မြောက်ပိုင်းတွင်
ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန်အတွက် သဘော တူညီချက်မရရှိသေးကြောင်း
၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir
Putin) ၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်
(Angela Merkel) တို့နှင့် အတူ မတ်လ ၅ ရက်တွင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း
သမ္မတ အာဒိုဂန်က ဖေဖော်ဝါရီလ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။
No comments:
Post a Comment