Anadolu; Nov-4(Wed)
တူရကီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဘင်္ဂလားဒေ့ရှ်
အရှေ့တောင်ပိုင်းတွင် ရှိသော ကော့ဘဇားဒေသရှိ
ဘင်္ဂါလီဒုက္ခသည်များနှင့် အခြားသောလူမျိုးစုအဖွဲ့အစည်း များအား ကူညီထောက်ပံ့ရန်
လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက်
နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်တွင် Anadolu သတင်းအေဂျင်စီက
ဖော်ပြခဲ့ပါသည်။ နိုဝင်ဘာလ ၂ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားဒေသသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ
တူရကီသံအမတ်ကြီး မူစတာဖာအိုမန်တူရန်(Mustafa Osman Turan)သည်
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးကော်မရှင်နာမင်းကြီးရုံး၏ တွဲဖက်အတွင်းရေးမှူး ရှာရက်ဇ်ဝမ်ဟာရက်(Shad Rezwan Hayat)၊ ကော့ဘဇား ခရိုင်မင်းကြီး အမ်ဒီကယ်မယ်ဟောစိန်(Md Kamal Hossain)တို့နှင့်
တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။ ထို့ပြင် အကျပ်အတည်းဒုက္ခခံစားနေရသော
ဘင်္ဂါလီဒုက္ခသည်များနှင့် အခြား သော လူမျိုးစုအဖွဲ့အစည်းများအား ကူညီထောက်ပံ့ရန်
နှစ်နိုင်ငံအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည့်နည်းလမ်းများအား ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။
No comments:
Post a Comment