Sputnik;Nov-18(Wed)
ဂရိနိုင်ငံအနေဖြင့် အမေရိကန်ထံမှ
F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည်ဆိုပါက
တူရကီဘက်မှလည်း ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များအား မြေထဲပင်လယ်ဒေသအတွင်း တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း တူရကီ
စစ်ဘက်မှ အငြိမ်းစားဗိုလ်ချုပ် နီဂျက်အီစလန် (Nejat Eslen)က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် မြေထဲပင်လယ်ဒေသ၌ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များ
တပ်ဖြန့်ချထားရန် လုပ်ဆောင်လျက်ရှိမှုကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ဖိအားပေးမှုများနှင့်
ရင်ဆိုင်ရလျက်ရှိကြောင်း ဗိုလ်ချုပ် အီစလန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဂရိအစိုးရကမူ တူရကီနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေး
စနစ်များသည် ၎င်းတို့လေတပ်၏ လုပ်ငန်းဆောင်တာများအပေါ်
အနှောင့်အယှက်ဖြစ်ပေါ် လျက်ရှိခြင်းကြောင့် F-35 တိုက်လေယာဉ်များအား အလျင်စလိုဝယ်ယူခဲ့ရခြင်းဖြစ်
သည်ဟု ဂရိပြည်တွင်းသတင်းဌာနက ဖော်ပြထားပါသည်။
တူရကီနိုင်ငံသည်
ပထဝီနိုင်ငံရေးအရဒေသတွင်းတည်ရှိမှုနှင့် ၎င်း၏စစ်ရေး စွမ်းဆောင်ရည်များကြောင့်
အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် အဓိက အာရုံစိုက်ရာ နိုင်ငံတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ် အီစလန်က ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် အမေရိကန်အနေဖြင့်လည်း တူရကီနှင့်ဂရိနိုင်ငံအကြား စစ်ရေးမဟာဗျူဟာအရ ညီညွတ်မျှတစေရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြား
ခဲ့ပါသည်။ တူရကီအနေဖြင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား အေဂျီယန်
ပင်လယ်နှင့် အရှေ့မြေထဲပင်လယ်ဒေသတို့၌ တပ်ဖြန့်ချထားမည်ဆိုပါက ဂရိနိုင်ငံ အပါအဝင် အခြားဒေသတွင်းနိုင်ငံများကိုပါ
လွှမ်းမိုးချုပ်ကိုင်၍ ဒေသတွင်းအင်အားကြီး နိုင်ငံအဖြစ်
တည်ဆောက်နိုင်မည်ဖြစ်သည်ဟုလည်း နီဂျက်အီစလန်က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment