Tuesday, March 2, 2021

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆိုက်ပရပ်စ် နိုင်ငံ၏ ရေရှည်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခဖြေရှင်းရေးတွင် အခိုင်အမာထောက်ပံ့ပေး လျက်ရှိကြောင်း ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကပြောကြားခဲ့ခြင်း

    တရုတ်နိုင်ငံသည် ကုလသမဂ္ဂ (UN) ၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆိုက်ပရပ်စ် နိုင်ငံ၏ ရေရှည်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခဖြေရှင်းရေးတွင် အခိုင်အမာထောက်ပံ့ပေး လျက်ရှိကြောင်း ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လျူယန်တာအို (Liu Yantao) က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ယန်တာအိုသည် ဆိုက်ပရပ်စ် အခြေစိုက် UN ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဌာနချုပ်သို့သွားရောက်၍ ဆိုက်ပရပ်စ် နိုင်ငံဆိုင်ရာ UN အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် အဲလီဇဘတ်စပီဟာ (Elizabeth Spehar) နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးရဲတပ်ဖွဲ့များနှင့် အတူ UN ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးရည်မှန်းချက်များတွင် ဆက်လက်ပါဝင်လိမ့် မည်ဟု မျှော်လင့်ကြောင်း စပီဟာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment