Tuesday, March 9, 2021

ဥဇဘက်ကစ္စတန်သမ္မတနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ခြင်း

    ဥဇဘက်ကစ္စတန်သမ္မတ ရှပ်ကတ်မီဇီရိုရက်ဗ် (Shavkat Mirziyoyev) သည် ၎င်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက် ကာဗူဆိုဂလူ (Mevlut Cavusoglu) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မတ်လ ၉ ရက်တွင်တွေ့ဆုံခဲ့ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါသည်။ ၎င်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဥဇဘက်ကစ္စတန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ ကြိုတင် ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အား အလေးထားဆွေးနွေးခဲ့ပါသည်။ ထို့ပြင် Turkic နိုင်ငံများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကောင်စီ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့အစည်းများ၏ မူဘောင်များအပါအဝင် ဒေသတွင်းစီးပွားဖက် နိုင်ငံများ၊ နိုင်ငံတကာမူဝါဒများနှင့်စပ်လျဉ်း၍ အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment