Tuesday, May 11, 2021

မော်စကိုရှိရိုမေးနီးယားသံရုံးမှ သံအမတ်ကြီးတစ်ဦးအားနိုင်ငံအတွင်းမှနှင်ထုတ်ခဲ့ခြင်း

        ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မော်စကိုရှိ ရိုမေးနီးယားသံရုံးမှ သံအမတ်ကြီး တစ်ဦးအား နိုင်ငံအတွင်းမှနှင်ထုတ်ခဲ့ကြောင်း မေလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံအနေဖြင့် ဧပြီလ ၂၆ ရက်တွင် ၎င်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ သံအမတ်ကြီးအား မတရားနှင်ထုတ်ခဲ့သည့်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်၊ အီတလီ၊ ချက်သမ္မတနိုင်ငံ၊ ဘောလ်တစ်ဒေသ ၃ နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ပိုလန်၊ ယူကရိန်းနှင့် ရိုမေးနီးယားနိုင်ငံအပါအဝင် အနောက် နိုင်ငံများနှင့် သံတမန်ရေးအရ အငြင်းပွားမှုများမြင့်တက်လျက်ရှိစဉ် အထက်ပါကဲ့သို့ သံအမတ်ကြီးများအား အပြန်အလှန်နှင်ထုတ်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအငြင်းပွားမှုများနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ၎င်းနိုင်ငံများအား မဟာမိတ်နိုင်ငံမဟုတ်ကြောင်း သတ်မှတ်ခဲ့ပြီး လိုအပ်သည့်အရေးယူ ပိတ်ဆို့မှုများလည်းချမှတ်ရန် အမိန့်ပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment