တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) တို့သည် နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မေလ ၂၁ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေများနှင့် ပါလက်စတိုင်းအရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အာဖဂန်နစ္စတန် အရေးကိစ္စအပါအဝင်၊ ဆီးရီးယားသို့ ပေးအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရှေ့မြေထဲပင်လယ်ဒေသရှိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment