တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် မေလ ၃၁ ရက်တွင် ဂရိသို့သွားရောက်၍ ဂရိဝန်ကြီးချုပ် ကရီယာကော့ မစ်ဆိုတားကစ် (Kyriakos Mitsotakis) အပါအဝင် နိုင်ငံခြားရေးဝန်ကြီး နီကိုးစ် ဒန်ဒီရက်စ် (Nikos Dendias) တို့နှင့် တွေ့ဆုံရန်စီစဉ်ခဲ့ပါသည်။ ကာဗူဆိုဂလူသည် ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်မည့် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) ထိပ်သီးဆွေးနွေးပွဲအတွင်း ဂရိဝန်ကြီးချုပ်နှင့် တူရကီသမ္မတတို့အကြား သီးခြားတွေ့ဆုံမှုတစ်ရပ်ပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်အတွက် ဂရိသို့ အထက်ပါ အတိုင်း ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကာဗူဆိုဂလူ၏ ဂရိခရီးစဉ်မတိုင်မီ ဂရိနိုင်ငံရှိ မွတ်စလင် လူနည်းစုများနှင့်ပတ်သက်သည့်ထုတ်ပြန်ချက်အပေါ် ဂရိနိုင်ငံက အပြင်းအထန် ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment