Thursday, May 6, 2021

အီရတ်နိုင်ငံဆိုင်ရာတူရကီသံအမတ်ခန့်အပ်ခဲ့ခြင်း

        တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်အသစ်အား ခန့်အပ်ခဲ့ပြီး အဆိုပါခန့်အပ်မှုသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အလားအလာ ကောင်းများ ဖြစ်ပေါ်လာစေနိုင်ကြောင်း အီရတ်နိုင်ငံဆိုင်ရာ တူရကီသံအမတ် အသစ်ဖြစ်သူ အေလီရီဇာဂူနီ (Ali Riza Guney) က ပြောကြားခဲ့ပါသည်။ အီရတ် နိုင်ငံရှိ ကဏ္ဍအားလုံးနှင့်ပတ်သက်၍ သံတမန်ရေးဆိုင်ရာနည်းလမ်းများဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကြားတွင် ပဋိပက္ခများ မည်သို့ပင်ရှိစေကာမူ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း များအား ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ၏ အလည် အပတ်ခရီးစဉ်များကိုလည်း မကြာခဏပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံ‌မှုများ တိုးမြှင့်သွားရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကိုလည်း မြင့်တက် လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment