Thursday, May 20, 2021

တူရကီနိုင်ငံသည်နည်းပညာများထုတ်လုပ်နိုင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်းစက်မှုနှင့်နည်းပညာဝန်ကြီးကပြောကြားခဲ့ခြင်း

    တူရကီနိုင်ငံအနေဖြင့် အရေးပါသည့်နည်းပညာများအား ထုတ်လုပ်နိုင် သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိကြောင်း တူရကီစက်မှုနှင့် နည်းပညာဝန်ကြီး မူစတာဖာဗာရန့် (Mustafa Varank) က မေလ ၁၉ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် နည်းပညာပိုင်းဆိုင်ရာထုတ်ကုန်များအတွက် ဈေးကွက်တစ်ခု ဖြစ်လာမည်မဟုတ်သော်လည်း ကမ္ဘာတစ်ဝန်'အတွက် အခြေပြုထုတ်လုပ်ပေးနိုင် မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကျောင်းသားများအနေဖြင့် စွန့်ဦးတီထွင်ခြင်းနှင့် ဈေးကွက်စီးပွားရေး တိုးတက် ကောင်းမွန်လာစေရန် အာရုံစိုက်၍ လုပ်ဆောင်သွားသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာ နည်းပညာ ပြိုင်ဆိုင်မှုတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကြိုးပမ်းလုပ်ဆောင်သွားရန် လိုလားလျက်ရှိကြောင်း ဗာရန့်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment