Friday, May 21, 2021

ဆားဘီးယားစစ်ဘက်အထူးတပ်ဖွဲ့ဝင်များနှင့် ရုရှားကြည်းတပ်တို့အကြမ်းဖက်မှုတိုက်ဖျက်မှုဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်း

        ဆားဘီးယားစစ်ဘက် အထူးတပ်ဖွဲ့ဝင်များနှင့် ရုရှားကြည်းတပ်တို့သည် Joint Response 2021 အမည်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား ဆားဘီးယားနိုင်ငံ၊ ဒီလီဘလာတို (Deliblato) သဲကန္တာရ၌ ပြုလုပ် ခဲ့ကြောင်း ဆားဘီးယားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအတွင်း နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား ကွပ်ကဲထိန်းချုပ်ရေးဆိုင်ရာလေ့ကျင့်မှုများ၊ အတွေ့အကြုံဖလှယ်မှုများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာလေ့ကျင့်မှုများအား ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် စစ်ရေးလေ့ကျင့်မှု အတွင်း အထူးတပ်ဖွဲ့ဝင်များ၏ နည်းဗျူဟာမြောက်လှုပ်ရှားမှုများနှင့် လုပ်ထုံးလုပ်နည်း များအပါအဝင် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ၏ စစ်လက်နက်ပစ္စည်းများအသုံးပြု၍ မြေပြင်၊ ရေပြင်နှင့်ဝေဟင်ဆိုင်ရာစစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment