ပိုလန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံထံမှ မောင်းသူမဲ့တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက်ခ် (Mariusz Blaszczak) က မေလ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ Bayraktar TB2 အမည်ရှိ မောင်းသူမဲ့လေယာဉ်များသည် တင့်ဖျက်လက်နက်များတပ်ဆင်ထားပြီး ၂၀၂၂ ခုနှစ်တွင် ပိုလန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအစီအစဉ်များကိုလည်း ဝယ်ယူသွားမည် ဖြစ်ကြောင်း ဘလက်ဇက်ခ်က ပြောကြားခဲ့ပါသည်။ အန်ဒရေးဒူဒါ (Andrzej Duda) သည် လာမည့်သီတင်းပတ်အတွင်း တူရကီနိုင်ငံသို့သွားရောက်မည်ဖြစ်ကာ အဆိုပါ ခရီးစဉ်အတွင်း မောင်းသူမဲ့လေယာဉ်များဝယ်ယူရေးနှင့်ပတ်သက်၍ အပြီးသတ်လက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment