ဘူလ်ဂေးရီးယားဝန်ကြီးချုပ် စတီဖန်ရာနက်ဗ် (Stefan Yanev) သည် နုတ်ထွက်မှုများပြုလုပ်ခဲ့သည့် လက်ထောက်ကာကွယ်ရေးဝန်ကြီး နှစ်ဦး၏နေရာတွင် ပလာမန်ရာဒါနော့ဗ် (Plamen Yordanov)နှင့် အလက်ဇန်းဒါးပတ်ကော့ဗ် (Alexander Petkov) တို့အား အစားထိုးခန့်အပ်မှုများပြုလုပ်ခဲ့ကြောင်း မေလ ၁၉ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုကဖော်ပြခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှစ၍ ဘူလ်ဂေးရီးယားလေတပ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ပလာမန်ရာဒါနော့ဗ်သည် စစ်ဘက်မှပေးအပ်သည့် တာဝန်အမျိုးမျိုးအား တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်၌ အငြိမ်းစားယူခဲ့သည့်အရာရှိကြီးတစ်ဦးဖြစ်ပါသည်။ အလားတူလက်ထောက်ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည့် Bulgarian Properties ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုညွှန်ကြားရေးမှူးဖြစ်သူ အလက် ဇန်းဒါးပတ်ကော့ဗ်သည်လည်း လုပ်ငန်းအတွေ့ကြုံရှိ၍ ထက်မြက်သောအရာရှိကြီး တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment